Inya Economics Press Release (2022/01/Yangon)

အင်းလျား ဘောဂဗေဒ
သတင်းထုတ်ပြန်ချက်
 
၂၈ရက်၊ ဧပြီလ၊ ၂၀၂၂ခုနှစ်
ညနေ၅နာရီ၊ ၃၀မိနစ် (မြန်မာစံတော်ချိန်)
 
၂၀၂၁ခုနှစ်တွင် မြန်မာ့စီးပွားရေးရပ်ဝန်းအပေါ် ကိုဗစ်နှင့် အာဏာသိမ်းမှုတို့၏ ထပ်ဆင့်သက်ရောက်မှု အစီရင်ခံစာ
 
ရန်ကုန်၊ ဧပြီလ ၂၈ရက်၊ ၂၀၂၂ခုနှစ် – ၂၀၂၁ခုနှစ် ကိုဗစ်နှင့် အာဏာသိမ်းမှုတို့ကြောင့် မြန်မာနိုင်ငံ၏ မက်ကရိုအဆင့် စီးပွားရေးနှင့် မိုက်ကရိုအဆင့် စီးပွားရေးတို့မှာ အနုတ်လက္ခဏာသက်ရောက်မှုဖြစ်ပေါ်ပြီး များစွာထိခိုက်ခဲ့သည်။ အင်းလျားဘောဂဗေဒ၏ အစီရင်ခံစာ၏ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုတို့၏ သက်ရောက်မှု တိုင်းတာသည့် ညွှန်းကိန်းအရ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုသည် ကိုဗစ်ကပ်ရောဂါထက် ပိုမို၍ မြန်မာ့စီးပွားရေးကို အနုတ်လက္ခဏာပြ ထိခိုက်စေခဲ့သည်ကို တွေ့ရှိရသည်။
အဆိုပါ ကပ်ဘေး (၂) ခု၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့စီးပွားရေး လက္ခဏာများကို အစီရင်ခံစာ၏ တွေ့ရှိချက်များအပေါ် မူတည်၍ အောက်ပါ အချက်(၅)ချက်ဖြင့် ဖော်ပြနိုင်ပါသည်။ ၎င်းတို့မှာ-
(က) ဘဏ္ဍာရေး ရင်းမြစ်များကို လက်လှမ်းမီမှု လျော့ကျသွားခြင်း
(ခ) ပြည်တွင်းထုတ်ကုန်များအပေါ် ပြည်တွင်း၊ ပြည်ပဝယ်လိုအားကျဆင်းခြင်း
(ဂ) ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ အလွန်အမင်း မြင့်တက်ခြင်း
(ဃ) ဆင်းရဲမှု သံသရာနှင့် ကြုံတွေ့နိုင်ခြင်း
(င) ဝန်ဆောင်မှုကဏ္ဍသည် မြန်မာ့စီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်လာခြင်း တို့ဖြစ်သည်။

(က) ဘဏ္ဍာရေး ရင်းမြစ်များကို လက်လှမ်းမီမှု လျော့ကျသွားခြင်း

အာဏာသိမ်းပြီးကာလတွင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများသည် နေ့စဉ်သုံးစွဲရန် လိုအပ်သည့် ကျပ်ငွေပမာဏကို ဘဏ်များမှ တစ်ဆင့် ငွေသားဖြင့် ထုတ်ယူသုံးစွဲရန် အလွန်ခက်ခဲလာကြသည်။ မြန်မာ့ငွေရေးကြေးရေးကဏ္ဍသည် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများကိုသာ မှီခိုလာရသည်မှာ ခေတ်မီလာသည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုကိုလည်း အပြည့်အဝလုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့ပြင် ဝင်ငွေနိမ့်ပါးသူများအတွက် နေ့စဉ်လစဉ်ကုန်ကျမှုများအတွက် မိမိထုတ်ယူလိုသည့် ငွေပမာဏကို ရာခိုင်နှုန်းဖြင့် ပြန်လည်လဲလှယ်နေရသည့် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာသည်။ စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းတိုးချဲ့ရန် အခက်အခဲရှိလာသကဲ့သို့ ဘဏ်များတွင် ချေးငွေရရှိရန်လည်း ပိုမိုခက်ခဲလာသည်။ အသေးစားချေးငွေလုပ်ငန်းများသည်လည်း ၂၀၂၁မတိုင်မီ ကာလကဲ့သို့ လူတစ်ဦးလျှင် ချေးငွေလုပ်ငန်း တစ်ခုထက် ပို၍ ချေးယူခြင်းကို ကန့်သတ်လာကြသည်။

(ခ) ပြည်တွင်းထုတ်ကုန်များအပေါ်  ပြည်တွင်း၊ ပြည်ပဝယ်လိုအားကျဆင်းခြင်း

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေရသည်။ တရုတ်နိုင်ငံ၏ ဇီးရိုးကိုဗစ်မူဝါဒကြောင့် မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန်များကို ဝယ်လိုအားလျော့ကျလာခဲ့သည်။ ပြည်တွင်း၊ ပြည်ပ သယ်ယူပို့ဆောင်ရေး စရိတ်များမြင့်တက်လာမှုသည်လည်း အဓိက အခက်အခဲဖြစ်သည်။ အာဏာသိမ်းမှုကြောင့် အီးယူနှင့် အနောက်နိုင်ငံများ၏ ဈေးကွက်ကို မှီခိုအားထားနေရသော စက်မှုထုတ်ကုန်လုပ်ငန်းများမှာ ရေရှည်ရပ်တည်နိုင်ရန် များစွာ မရေရာမှုများ ဖြစ်ပေါ်နေသည်။

ပြည်တွင်း ဝယ်လိုအားပေါ်တွင် မှီတည်နေရသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ကျဆင်းလာသော ဝယ်လိုအားကြောင့် ဝင်ငွေလျော့ကျမှုကို အများဆုံး ကြုံတွေ့နေရကြောင်း အင်းလျားဘောဂဗေဒ၏ ညွှန်းကိန်းက ဖော်ပြနေသည်။ အကယ်၍ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ပါလျှင် ပြည်တွင်းရှိ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှု၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတို့ရှိ စီးပွားရေးလုပ်ငန်းများအတွက် များစွာ အကျိုးရှိနိုင်ပေမည်။

(ဂ) ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ အလွန်အမင်း မြင့်တက်ခြင်း

ပြည်တွင်း ဈေးကွက်ရှိ ကုန်စည်များမှာ စရိတ်ပိုမိုကုန်ကျမှုကြောင့် ဖြစ်ပေါ်လာသော ကုန်စည်ဈေးနှုန်းများ မြင့်တက်လာမှု (တစ်နည်း) ငွေဖောင်းပွမှုကို ရင်ဆိုင်နေရသည်။ တစ်ဖက်တွင် ကုန်စည်များ ဈေးတက်လာသော်လည်း တစ်ရက်လျှင် အနည်းဆုံးလုပ်ခ၊ လစာ ၄၈၀၀ကျပ်မှာ ၂နှစ်တစ်ကြိမ် အနည်းဆုံးတိုးမြှင့်ပြောင်းလဲရမည်ဟူသော ဥပဒေပါအခွင့်အရေးကို မသုံးစွဲနိုင်သေးပေ။ ထို့ကြောင့် အထည်ချုပ်အလုပ်သမားများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အဓိက ခံစားနေရပေသည်။

အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် အစိုးရမှ ခွင့်ပြုပေးသည့် စီမံကိန်းများမှာ ပြည်တွင်းစစ်ကြောင့် အကန့်အသတ်ဖြစ်လာသည်။ ထို့အပြင် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များသည် မရေရာသည့် အနာဂတ်ကြောင့်  ၎င်းတို့၏ လုပ်ငန်းများကို စွန့်စား၍ မတိုးချဲ့လိုကြပေ။ အကျိုးဆက်အနေဖြင့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု ဖြစ်ပေါ်လာပြီး၊ အလုပ်လုပ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော(အသက်၁၆နှစ်မှ ၆၀အတွင်း) မြန်မာလုပ်သားများသည် တရားဝင်နည်းလမ်းဖြင့်သော်လည်းကောင်း တရားမဝင်နည်းလမ်းဖြင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ရွေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်မှုများ မြင့်တက်လာသည်။ အများစုမှာ ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်ကိုင်ကြသည်။

(ဃ) ဆင်းရဲမှု သံသရာနှင့် ကြုံတွေ့နိုင်ခြင်း

အင်းလျားဘောဂဗေဒညွှန်းကိန်း၏ ဖော်ပြချက်များအရ မြန်မာပြည်၌ ကိုဗစ်၏ အနုတ်လက္ခဏာသက်ရောက်မှုထက် အာဏာသိမ်းမှု၏ အနုတ်လက္ခဏာ သက်ရောက်မှုက ပိုမိုများနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ပြည်တွင်းစစ်မက်ဖြစ်ပွားမှု ပိုမို တာရှည်လာပါက ရေရှည်တွင် ထိခိုက်ဆုံးရှုံးမှုများမှာ ကိုဗစ်၏ သက်ရောက်မှုများ မပါလျှင်ပင် ပို၍ များပြားလာနိုင်ချေ ရှိပါသည်။ ပြည်တွင်းရှိ စိုက်ပျိုးရေးအဓိက လုပ်ကိုင်နေသော ဒေသများဖြစ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားနေခြင်းကြောင့် တောင်သူများ လယ်ယာလုပ်ငန်းများကို မလုပ်ကိုင်နိုင်တော့သဖြင့် စားဝတ်နေရေး အကျပ်အတည်းဆိုက်မှုများနှင့် ကုန်စည်သယ်ယူပို့ဆောင်မှု အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်။ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် ဆင်းရဲမှု၏ ထွက်ပေါက် ဖြစ်သော်လည်း လက်ရှိအကျပ်အတည်းများပိုမိုဆိုးဝါးလာပါက အဆိုပါကဏ္ဍများ၏ အပေါင်းလက္ခဏာ အကျိုးသက်ရောက်မှုများ လျော့နည်းလာ၍ ရေရှည်တွင် အလွန်အမင်းဆင်းရဲမှု သံသရာတွင်းသို့ သက်ဆင်းနိုင်သည်။

(င) ဝန်ဆောင်မှုကဏ္ဍသည် မြန်မာ့စီးပွားရေး၏ အဓိက မောင်နှင်အားဖြစ်လာခြင်း

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ် မြန်မာ့စာရင်းအင်းနှစ်စဉ်မှတ်တမ်း၏ အချက်အလက်အရ မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍကြီးမှ ၂၁.၃ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးမှ ၃၈ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍကြီးမှ ၄၀.၇ရာခိုင်နှုန်း အသီးသီးပါဝင်သည်ကို တွေ့ရသည်။

ပြည်တွင်း မတည်ငြိမ်မှုများနှင့် ပြည်ပဝယ်လိုအားများ လျော့ကျနေခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှု၊ ကုန်ထုတ်လုပ်ရေးကဏ္ဍရှိ စီးပွားရေး လုပ်ငန်းများမှာ များစွာမရေရာမှု ဖြစ်လာသည်။ သို့သော် ပြည်တွင်းဝယ်လိုအားပေါ်တွင်သာ မှီတည်နေသည့် ဝန်ဆောင်မှု ကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများမှာ အင်တာနက်ရရှိမှုနှင့် အွန်လိုင်းဘဏ်စနစ်တို့ ဆက်လက်သုံးစွဲနိုင်သည့်အပေါ် မူတည်ပြီး ပြည်တွင်းစီးပွားရေး၏ အဓိက မောင်နှင်အား ဖြစ်လာပေလိမ့်မည်။

 

သတင်းထုတ်ပြန်ချက်- ၂၀၂၂/၀၁/ရန်ကုန်

သတင်းဌာနများမှ ဆက်သွယ်မေးမြန်းရန်

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ပရိုဂရမ် ဒါရိုက်တာ

အီးမေးလ်: [email protected], [email protected]

You can download the Press Release PDF download link.
————————————————————————-
 
Inya Economics
Press Release
 
April 28, 2022
05:30 PM (Myanmar Time)
 
Overlapping crises of COVID-19 and Coup Impact on Myanmar Business Environment in 2021: Report
 
Yangon, April 28, 2022 – In both microeconomic and macroeconomic terms, the Myanmar economy has been devastated in 2021 due to compounded crises of the COVID-19 pandemic and coup. Based on Inya Economics Impact Index of the COVID-19 Pandemic and the Coup, the military coup in 2021 has brought about greater negative impact on Myanmar’s economy than the COVID-19 pandemic.
There are 5 main economic characteristics on Myanmar economy after the two crises.
a. Lack of liquidity
b. Decline in foreign demand for local products
c. High rates of inflation and unemployment
d. Poverty trap
e. Service sector as the driving force

(a) Lack of liquidity

Businesses and individuals are faced with significant difficulties in withdrawing money from the banks to make and receive payments. While those in the urban areas have become increasingly familiar with digital financial services, however, the cash shortage has burdened lower income individuals and those living in the rural parts of the country, who are faced with additional charges for making payments in cash. Businesses are facing difficulties in expanding their operations, as well as lack of access to get loans from banks. Further, microfinance institutions restrict lending from lending to more than one business per person.

(b) Decline in foreign demand for local products

Agricultural products in Myanmar are mainly exported to China; however, demand for agricultural products has been severely constrained due to the strict Zero-COVID policy in China. Increasing transportation costs is another major challenge as well. Moreover, the coup led to uncertainty in key export industries, which are dependent on exporting to the EU and Western markets, resulting in a decline in demand. According to the index by Inya Economics in Figure 2, the decreasing demand has led to a dramatic decline in the income of local businesses. If China were to resume border trade in the future, that will positively impact Myanmar’s agriculture and industrial sectors.

(c) High rates of inflation and unemployment

Inflation in Myanmar is driving up commodity prices. Despite rising costs of commodities, the minimum wage has yet been reviewed and remains unchanged at 4,800 kyats, even though it was supposed to be reviewed every two years. Therefore, workers in the formal sectors, especially garment workers, are suffering from inflationary pressure.

The government’s development projects to create jobs have been limited due to the outbreak of armed conflicts. In addition, employers in the private sector are reluctant to venture out due to political instability. As a result, the lack of job creation is pushing the largest working-age population (aged 15 – 60) to emigrate both illegally and legally to foreign countries, mostly to Thailand.

(d) Poverty trap

According to the index by Inya Economics, the impact of the coup has more adversely impacted the economy compared to the COVID-19 pandemic. This means that the longer the internal conflicts continue, the more it would impact the economy in the long term beyond the impact of COVID-19. The clashes in Kayin, Kayah, Shan, Magway and Sagaing – which are the main agricultural states and regions – will lead to the challenge in transporting the goods as well as food shortage since farmers were not able to farm. The education and health sectors are important social sectors for individuals to break out of the poverty trap; however, the positive effects of these sectors will continue to be eroded by the current crisis, further perpetuating the cycle of poverty.

(e) Service sector as the driving force

The contribution to GDP by sector is as follows: agriculture sector (21.3%), industry sector (38%) and service sector (40.7%). Both the agriculture and industrial sectors have been badly hit due to political instability and declining foreign demand. In contrast, businesses in the service sector, rely solely on domestic demand, which will be the main driver of the local economy, on the assumption that they will continue to have access to the internet and online banking services.

 

For more information, press only:

PR Contact: Private Sector Development Programme Director

Email: [email protected], [email protected]

Press Release: 2022/01/YGN

You can download the Press Release PDF download link.