Hunger Crisis under Double Damage in Myanmar

Author : Thurein Lwin

English Version

China is the number one trade partner of Myanmar. Most of Myanmar’s exports items to China are natural resources and raw materials. China lock downed all of the border trade gates when Myanmar faced a military coup and a lack of control on the third wave of COVID-19 outbreak since February 2021. That action negatively impacted the supply chain of the agriculture sectors, and mainly impacted farmers among them.

In the early weeks of February, border trade between the two countries was temporarily halted due to the inability to export goods from Myanmar. China emergency shut down the Man Wein border gate from May 30 when the infection of COVID-19 increased on the China border. Only the Kyin Sann Kyawt border gate is an option to trade in June 2021, however, the complete shutdown of all border gates was imposed again in July. On July 28, China has allowed importing Myanmar only taxes on medical products and other products three days per week. Due to the closure of the border trade, traders changed their transportation channel to Chin Shwe Haw but it has been also closed unlimited days later July. The border gates have been shut down not only in China but also in Laos, Bangladesh, and Thailand.

The coming hunger crisis and extreme poverty will be the biggest challenges in Myanmar. WFP estimated that 3.4 million people across Myanmar are at risk of food insecurity and UNDP revealed that 48.2 percent of Myanmar’s population, which is equivalent to about 26 million people, could be living in poverty by 2022 as a worst-case scenario.

The actions of shutting down the borders create a significant impact on the hunger crisis by combing effects of reducing the resilience of farmers, difficulty to operate the business, increasing the debt, lack of job opportunities, and increasing inflation rate.

For this reason, to overcome this crisis, all of the authorities and responsible organizations need immediate advocacy for China and the neighboring countries to reopen the border gates by preparing with the COVID-19 control measures.

 

Myanmar Version

မိအေးနှစ်ခါနာနှင့် အငတ်ဘေးဆိုက်မည့် မြန်မာ့အရေး

မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်မှုတွင် တရုတ်နိုင်ငံမှ ပထမနေရာတွင်ရှိသည်။ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ သဘာဝသယံဇာတကုန်စည်များနှင့် အခြေခံကုန်စည်များကို အများဆုံးတင်ပို့ပါသည်။ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါတတိယလှိုင်းကို မထိန်းချုပ်နိုင်ဘဲ ပြန့်နှံမှုတို့ကြောင့် မြန်မာနိုင်ငံဘက်မှ ပြန်လည်ကူးစက်လာမည်ကို စိုးရိမ်၍ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံမှ ပိတ်ခဲ့သည်။ ထိုကဲ့သို့ ကုန်သွယ်ရေးဂိတ်များ ပိတ်ခဲ့ခြင်းကြောင့် အဓိက နစ်နာသူများမှာ မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန် ကွင်းဆက်တလျှောက်တွင် ပါဝင်နေသူများဖြစ်ပြီးအထူးသဖြင့် တောင်သူများသာ ဖြစ်သည်။

ဖေဖော်ဝါရီလအစောပိုင်းကာလများတွင် မြန်မာနိုင်ငံမှ ကုန်ကားများ တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်နိုင်ခြင်း မရှိသောကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကာလတို ရပ်တန့်ခဲ့သည်။ မတ်လ(၃၀)ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံဘက်မှ နယ်စပ်တွင် ကိုဗစ်ပိုးတွေ့ရှိရမှုများ ရှိလာသောကြောင့် တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မန့်ဝန်းဂိတ်ကို အရေးပေါ်ပိတ်ခဲ့သည်။ ဇွန်လမှ စ၍ ကုန်တင်ယာဉ်များ အားလုံးကို ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ အသုံးပြုခွင့်ပြုခဲ့သည်။ သို့သော် ဇူလိုင်လတွင်လည်း အဆိုပါဂိတ်ကို အရေးပေါ် ပြန်လည်ပိတ်ခဲ့သည်။ ဤသည်မှာ နယ်စပ်ဂိတ်အားလုံးကို ပိတ်သည့် အခြေအနေဖြစ်ခဲ့သည်။ ဇူလိုင်လ (၂၈)ရက်နေ့တွင် တရုတ်ဘက်မှ မြန်မာဘက်သို့အခွန်ဆောင်ပြီးသော ဆေးပစ္စည်းနှင့် အခြားကုန်ကားများကို တစ်ပတ်လျှင်(၃)ရက် ပြန်လည် ထွက်ခွင့်ပေးခဲ့သည်။ ထိုသို့ ပိတ်ဆို့မှုများကြောင့် ကုန်သည်များသည် ချင်းရွှေဟော်ဘက်မှ လမ်းကြောင်း ပြောင်းလဲပေးပို့ခဲ့သော်လည်း ဇွန်လ နောက်ပိုင်းတွင် ရက်အကန့်အသတ်မရှိ ပြန်လည်ပိတ်မှု ဖြစ်ခဲ့သည်။

ထိုကဲ့သို့ နယ်စပ်ဂိတ်များကို ပိတ်ပင်မှုများတွင် တရုတ်နိုင်ငံသာမက အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့လည်း ပါဝင်သည်။

မကြာမီ ကြုံတွေ့ရတော့မည့် အငတ်ဘေးဆိုက်မှုနှင့် ဆင်းရဲမှုချောက်သည် မြန်မာနိုင်ငံ၏ အဓိက စိန်ခေါ်မှုများ ဖြစ်လာတော့မည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ မြန်မာ ပြည်သူ ၃.၄သန်း စားစရာပြတ်လပ်မှု ကြုံရနိုင်သည်ဟုလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်မှ ၂၀၂၂ခုနှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၄၈.၂ရာခိုင်နှုန်း(၂၆သန်း)မှာ အဆိုးဝါးဆုံးအခြေအနေတွင် ဆင်းရဲမွဲတေမှု မြင့်မားလာနိုင်ခြေများကိုလည်းကောင်း ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ အဓိက ကုန်သွယ်ဘက်နိုင်ငံများ၏ ကုန်သွယ်ရေး နယ်စပ်ဂိတ်များကို ပိတ်ပင်ထားမှုသည် တောင်သူများ၏ စီးပွားရေးနှင့် ကြံကြံခံနိုင်စွမ်းကို များစွာလျော့နည်းစေသည်။ ထို့အပြင် လုပ်ငန်းများမလည်ပတ်နိုင်ခြင်း၊ အကြွေးတင်မှုများခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ဝင်ငွေနိမ့်ပါးလာခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့၏ သက်ရောက်မှုများ စုပေါင်းကာ ကြီးမားသော အငတ်ဘေးဆိုက်ရောက်နိုင်ခြေရှိနေသည်ကို အားလုံး သတိပြုမိရန်လိုသည်။

ထို့ကြောင့် အဆိုပါ အငတ်ဘေးကပ်ဆိုက်ရောက်နိုင်မှုကို ကျော်လွှားနိုင်ရန် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ ကိုဗစ်ရောဂါမပြန့်ပွားစေရန် ထိန်းချုပ်နိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ရန် တာဝန်ရှိသူများက တောင်းဆိုသင့်ပေသည်။