Journal Policy

Standard Quality Criteria for Publication of Inya Economic Journal

Requirements of articles

Papers included in the Inya Economics must fulfill the following qualities as far as possible:

(a) Evidence Base

(B) Subject Knowledge

(C) No Bias

(d) Benefiting the public and the country

(E) Matching topic and paper

(f) Clear Objective

(g) Right Research Methodology

(h) Burmese or English writing skill

(i)  Including right data and facts in the document

Scope of the Journal

This journal covers the academic fields which is related to economics that will have an impact on the development process in order to achieve sustainable development of the country. As the authors participating in the journal, they will research and write about domestic or foreign issues related to Myanmar’s development through research methods such as practice-based analysis.

Publication Ethics

Papers sent to the Inya Economic Journal(IEJ) must not be mentioned and distributed in any other organization and in any place. If it is mentioned, it will not be accepted by the Inya Economic Journal. Therefore, we will take the commitment from the authors as the paper sent are not distributed and mentioned in any other organization before sending the Inya Economic Journal. In this regard, any legal dispute with other organizations or individuals has nothing to do with the Journal.

If the submitted papers are determined by the managing editors of the journal that those are not consistency with publication standards of the journal, you couldn’t be shared and published in any place before getting the rejection notice.

The submitted papers that have been approved for publication in the Journal by the managing editors of the IEJ must submit the full paper according to the paper format of the IEJ.  From the time when such imported papers are being edited by the editorial board of the IEJ until the time of publication and distribution, the authors may not mention a summary of the papers in other institutions or other places.

The contribution to the same paper more than once, your own papers that have already been published, documents belonging to another person, whether title or Fabricating or falsifying the information in the document, not being able to provide a solid source for this information, according to the Plagiarism system that detects intellectual theft, academic unethical principles such as unduly copying other people’s papers are totally unacceptable.

The editorial board of the IEJ has the full right to modify the contents of the paper and to discuss the methods of the paper without affecting the academic freedom of the authors.

The papers after final approval by the IEJ editorial board will be sent back to the authors and will finally be published in the journal after obtaining their approval.

Peer Review Process

After the invitation, the submitted papers will be selected or rejected by the managing editors before being screened by the editorial board of the journal. The full papers of the selected abstracts will then be screened or rejected by the managing editors to see if they meet the journal’s quality criteria. After the selection is approved, the editorial board will begin to filter and edit the papers to make them better. Moreover, Inya will judge without affecting the academic freedom of the authors and will perform with the agreement of the authors. However, in accordance with the rules set by the journal, the paper will not be published unless it is approved by the relevant subject experts (at least 1).

Submission Guidelines

Please refer to the publication ethics published by the Journal before submitting the paper(s). Editing Practices and also carefully read the submission instructions carefully. Papers that are not submitted according to the paper format of the IEJ will be rejected.

  1. As the authors of the Inya Economic Journal, when sending the abstract papers related to the invited topic, the draft (ready and available manuscript) of the abstract should be sent to [email protected] within the specified date of the invitation. After that we will notify you that it has been received.
  2. After being approved by the managing editors, the full paper must be submitted according to the paper structure of the IEJ below. It should also be a ready and available draft. Below the title of the submitted paper, the name of the authors and their contact details must be listed in the footer.

Structure of the paper:

(a) Title

(b) Abstract

(c) Introduction

(d) Literature Review

(e) Method/Methodology

(f) Findings

(g) Conclusions

(h) Suggestions or Recommendations

(i) References

(j) Appendix (if necessary)

(k) Papers written in Burmese must use 11-point Pyidaungsu font, while for English, 12-point Time New Roman font must be used.

(l) The page size is (6.25 x 9.25) cm. The content should not exceed (30) pages.

(m) For the top of page below, the distance to be kept on the sides is 1 inch and the distance above and below the line is to be kept 1.5.

(n) The system to be used for bibliography is APA Style.

  1. If your paper are approved for publication in the Inya journal, the author must send the raw Data-set, Final Data-set, information obtained from calculations, table of all the information included in the document such as figure (Details of the Computational data) together with the complete document.

If you want to know more, please contact [email protected] or Inya Economic Journal’s social network page (Inya Economic Journal Facebook Page) can be contacted and inquired.

 

အင်းလျားဘောဂဗေဒ ဂျာနယ်၏ ထုတ်ဝေခွင့်ဆိုင်ရာ စံအရည်အသွေး သတ်မှတ်ချက်များ

Requirements of articles

 အင်းလျားဘောဂဗေဒတွင် ပါဝင်သော စာတမ်းများသည် အောက်ပါ အရည်အသွေးများနှင့် တတ်နိုင်သမျှ ပြည့်စုံရမည်-

(က) အချက်အလက်အပေါ်အခြေခံခြင်း (Evidence Base)

(ခ) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မူပေါ်လွင်ခြင်း (Subject Knowledge)

(ဂ) ဘက်လိုက်မူကင်းရှင်းခြင်း (No Bias)

(ဃ) ပြည်သူလူထုနှင့် တိုင်းပြည်အပေါ်အကျိုးပြု့ခြင်း၊ အကျိုးရှိခြင်း (Benefit for people) 

(င) ခေါင်းစဉ်နှင့် စာတမ်းကိုက်ညီခြင်း (Matching topic and paper)

(စ) စာတမ်း၏ ရည်ရွယ်ချက် ရှင်းလင်းခြင်း (Clear Objective)

(ဆ) စာတမ်း၏ သုတေသနပြုလုပ်ထားသော နည်းလမ်းရှင်းလင်း၊ တိကျ၊ မှန်ကန်ခြင်း  (Right Research Methodology)

(ဇ) စာတမ်း၏ မြန်မာစာအရေးအသား (သို့မဟုတ်) အင်္ဂလိပ်စာအရေးအသား ကောင်းမွန်၊ ရှင်းလင်းခြင်း (Writing Skill)

(ဈ) စာတမ်းတွင် ပါဝင်သောအချက်အလက်များ မှန်ကန်တိကျခြင်း (Right data and facts)

 

Scope of the Journal

ဤဂျာနယ်သည် တိုင်းပြည် ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးကို ရှေးရှုခြင်းအလို့ငှာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်အတွင်း အကျိူးသက်ရောက်မှု ရှိစေမည့် ဘောဂဗေဒနှင့် နှီးနွယ်ဆက်ယှက်နေစေသော ပညာရပ်ဆိုင်ရာ နယ်ပယ်များအား လွမ်းခြုံထားရှိပါသည်။ ဂျာနယ်တွင် ပါဝင်ရေးသားသူများအနေဖြင့် သရုပ်ခွဲလေ့လာဆန်းစစ်နည်း၊ လက်တွေ့အခြေပြုဆန်းစစ်နည်း အစရှိသည့် လေ့လာဆန်းစစ်နည်းများဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် ပြည်တွင်း (သို့) ပြည်ပ အရေးအရာများကို သုတေသနပြုကာ ရေးသားဖော်ထုတ်ကြမည် ဖြစ်သည်။

 

Publication Ethics

စာတမ်းရှင် (များ) အနေဖြင့် အင်းလျားဘောဂဗေဒဂျာနယ်သို့ ပေးပို့လာသော ၎င်းတို့၏ စာတမ်း (များ) သည် အခြားမည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာများတွင်မှ ထုတ်ဝေဖြန့်ဖြူးထားခြင်း၊ ဖော်ပြထားခြင်း မရှိရပါ။ ထုတ်ဝေဖြန့်ဖြူးထားခြင်း၊ ဖော်ပြထားခြင်း ရှိပါက အင်းလျားဘောဂဗေဒဂျာနယ်မှ လက်ခံစဉ်စားမည် မဟုတ်ပါ။ ထို့အတွက် စာတမ်းရှင် (များ) အနေဖြင့် ပေးပို့လာသော ၎င်းတို့၏ စာတမ်း (များ) သည် အခြားမည်သည့်အဖွဲ့အစည်း၊ မည်သည့်နေရာများတွင်မှ ထုတ်ဝေဖြန့်ဖြူးထားခြင်း၊ ဖော်ပြထားခြင်း မရှိပါဟု အလိုအလျောက် တာဝန်ယူ အာမခံသည်ဟု မှတ်ယူမည်။ ယင်းနှင့် စပ်လျဉ်း၍ အခြားသောအဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ် (များ) နှင့် ဥပဒေအရ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များသည် အင်းလျားဘောဂဗေဒဂျာနယ်နှင့် မည့်သို့မျှ သက်ဆိုင်ခြင်းအလျဉ်းမရှိပေ။

တင်သွင်းလာသော စာတမ်းအကျဉ်း (များ)အား အင်းလျားဘောဂဗေဒဂျာနယ် စီမံအယ်ဒီတာများမှ ဂျာနယ်၏ ထုတ်ဝေခွင့်ဆိုင်ရာ စံအရည်အသွေးများနှင့် မကိုက်ညီကြောင်း / မပြည့်မီကြောင်း ဆုံးဖြတ်အတည်ပြုထားပါက၊ ထိုသို့ ဆုံးဖြတ်အတည်ပြုခံရသော စာတမ်းအကျဉ်း (များ) နှင့် စပ်လျဉ်း၍ ငြင်းပယ်ခြင်း အကြောင်းကြားစာကို ၎င်းစာတမ်းရှင် (များ) ထံသို့ အကြောင်းမကြားမိ ကာလထိတိုင်အောင် ၎င်းစာတမ်းရှင် (များ) အနေဖြင့် အခြားသော အဖွဲ့အစည်းများ (သို့) အခြားသော နေရာများ၌ ယင်းစာတမ်း (များ) အကျဉ်းကိုဖြစ်စေ၊ အပြည့်အစုံကိုဖြစ်စေ ထုတ်ဝေခြင်း၊ ဖော်ပြခြင်း မပြုရပေ။

တင်သွင်းလာသော စာတမ်းအကျဉ်း (များ) အား အင်းလျားဘောဂဗေဒဂျာနယ် စီမံအယ်ဒီတာများမှ ဂျာနယ်၏ ထုတ်ဝေခွင့်ဆိုင်ရာ စံအရည်အသွေးများနှင့် ကိုက်ညီ/ ပြည့်မီ၍ ဂျာနယ်တွင် ထုတ်ဝေရန် အတည်ပြုလက်ခံပါသဖြင့် ၎င်းစာတမ်းရှင် (များ) အနေဖြင့် စာတမ်းအပြည့်အစုံကို တင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက် တွင် ဖော်ပြထားသော အင်းလျားဘောဂဗေဒဂျာနယ်၏ စာတမ်းဖွဲ့စည်းမှုပုံစံ အတိုင်း တင်သွင်းရမည်ဖြစ်သည်။ ယင်းသို့ တင်သွင်းလာသော စာတမ်းများအား အင်းလျားဘောဂဗေဒဂျာနယ်၏ အယ်ဒီတာဘုတ်အဖွဲ့မှ စတင် စီစစ်တည်းဖြတ်နေသည့် အချိန်မှ စ၍ ထုတ်ဝေဖြန့်ဖြူးသည့် ကာလထိတိုင်အောင် ၎င်းစာတမ်းရှင် (များ) အနေဖြင့် အခြားသော အဖွဲ့အစည်းများ (သို့) အခြားသော နေရာများ၌ ယင်းစာတမ်း (များ) အကျဉ်းကိုဖြစ်စေ၊ အပြည့်အစုံကိုဖြစ်စေ ထုတ်ဝေခြင်း၊ ဖော်ပြခြင်း မပြုရပေ။

စာတမ်းတစ်ခုတည်းကို တစ်ကြိမ်ထက်ပို၍ ပါဝင်ခြင်း၊ ထုတ်ဝေပြီးသား မိမိပိုင် စာတမ်း (များ) သော်လည်းကောင်း၊ အခြားသူပိုင် စာတမ်း (များ) ကို ခေါင်းစဉ်ဖြစ်စေ၊ စာတမ်းပါ စာအကြောင်းအရာဖြစ်စေ ပြင်ဆင်၍ ပြန်လည်ရေးသားခြင်း၊ စာတမ်းပါ အချက်အလက်များအား လုပ်ကြံဖန်တီးထားခြင်း (သို့) လိမ်လည်လှည့်ဖျားထားခြင်း၊ ယင်းအချက်အလက်အတွက် တိကျခိုင်မာသည့် ရင်းမြစ် မဖော်ပြနိုင်ခြင်း၊ ဉာဏခိုးယူမှုအားစစ်ဆေးသိရှိနိုင်သော Plagiarism စနစ်၏ ဖော်ပြချက်အရ အခြားသူများ၏ စာတမ်း (များ) အား လွန်ကျူးစွာ ကူးယူထားခြင်း အစရှိသည့် ပညာရပ်ဆိုင်ရာ ကိုယ်ကျင့်သိက္ခာမဲ့မူများကို လုံးဝ လက်သင့်မခံပေ။

အင်းလျားဘောဂဗေဒဂျာနယ် အယ်ဒီတာဘုတ်အဖွဲ့မှ စာတမ်းရှင် (များ) ၏ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် (Academic Freedom) ကို မထိခိုက်စေဘဲ စာတမ်းရှင် (များ) ၏ သဘောတူညီချက်ဖြင့် စာတမ်းပါ စာအကြောင်းအရာများအား ပြင်ဆင်ခွင့်နှင့် စာတမ်းပါ နည်းနာများအား ဆွေးနွေးခွင့် ဟူသော အခွင့်တို့ကို အပြည့်အဝ ရရှိသည်ဖြစ်ရာ ယင်းကို စာတမ်းရှင် (များ) မှ သဘောတူလက်ခံခြင်းမရှိပါက အဆိုပါစာတမ်းအား ဂျာနယ်တွင် ထည့်သွင်းထုတ်ဝေခြင်းကို အလိုအလျောက် ငြင်းပယ်သည်ဟု မှတ်ယူပေမည်။

အင်းလျားဘောဂဗေဒဂျာနယ် အယ်ဒီတာဘုတ်အဖွဲ့မှ နောက်ဆုံးအတည်ပြု စီစစ် တည်းဖြတ်ပြီးသော စာတမ်း (များ) အား စာတမ်းရှင် (များ) ထံ ပြန်လည် ပေးပို့ပြီး အဆုံးသတ်အနေဖြင့် ၎င်းတို့၏ အတည်ပြုလက်ခံခြင်း သဘောတူညီချက်ရယူကာ ဂျာနယ်တွင် ထည့်သွင်း ထုတ်ဝေမည် ဖြစ်သည်။

 

Peer Review Process

ဖိတ်ခေါ်စာတမ်းအပြီး တင်သွင်းလာသော စာတမ်းအကျဉ်း (များ) အား အင်းလျားဘောဂဗေဒဂျာနယ် အယ်ဒီတာဘုတ်အဖွဲ့မှ စီစစ်တည်းဖြတ်ခြင်း မတိုင်မီ စီမံအယ်ဒီတာများမှ ပဏာမအနေဖြင့် ဂျာနယ်၏ ဖိတ်ခေါ် ခေါင်းစဉ်နှင့် သက်ဆိုင်ခြင်း ရှိ/ မရှိ စီစစ်ရွေးချယ်မည် (သို့မဟုတ်) ငြင်းပယ်မည် ဖြစ်သည်။ ယင်းနောက် ရွေးချယ်ခံရသော စာတမ်းအကျဉ်း(များ)၏ စာတမ်းအပြည့်အစုံကို စီမံအယ်ဒီတာများမှ ဂျာနယ်၏ စံအရည်အသွေး သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း ရှိ/ မရှိ စီစစ်ရွေးချယ်မည် (သို့မဟုတ်) ငြင်းပယ်မည် ဖြစ်သည်။ အတည်ပြုရွေးချယ်ပြီးနောက် အယ်ဒီတာဘုတ်အဖွဲ့မှ စတင်၍ ပိုမိုကောင်းမွန်သော စာတမ်းများ ဖြစ်လာဖို့ရန် စီစစ် တည်းဖြတ်မည် ဖြစ်သည်။ ဤတွင် စာတမ်းရှင် (များ) ၏ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် (Academic Freedom) ကို မထိခိုက်စေဘဲ စာတမ်းရှင် (များ) ၏ သဘောတူညီချက်ဖြင့် စီစစ် တည်းဖြတ်မည် ဖြစ်သည်။ ဂျာနယ်မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ စာတမ်းများကို သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူများ (အနည်းဆုံး ၁ယောက်)၏ ထောက်ခံချက်မရရှိလျှင် အဆိုပါစာတမ်းကို ထုတ်ဝေမည် မဟုတ်ပေ။

 

Submission Guidelines

ကျေးဇူးပြု၍ စာတမ်းရှင် (များ) အနေဖြင့် စာတမ်း (များ) ပေးပို့ တင်သွင်းခြင်း မတိုင်မီ အင်းလျားဘောဂဗေဒဂျာနယ်မှ ထုတ်ပြန့်ထားသော ထုတ်ဝေခြင်းဆိုင်ရာ ကျင့်ဝတ်တည်းဖြတ်ခြင်းဆိုင်ရာ ကျင့်ထုံးတင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက် တို့ကို သေချာစွာ ဂရုတစိုက်ထား ဖတ်ပေးစေချင်ပါသည်။ အင်းလျားဘောဂဗေဒဂျာနယ်၏ စာတမ်းဖွဲ့စည်းမှုပုံစံ အတိုင်း တင်သွင်းခြင်း မရှိသော စာတမ်းများအား ငြင်းပယ်မည် ဖြစ်သည်။

၁။ စာတမ်းရှင် (များ) အနေဖြင့် အင်းလျားဘောဂဒေဂျာနယ်မှ ဖိတ်ခေါ် ခေါင်းစဉ်နှင့် ဆက်စပ်အကျုံးဝင်သော စာတမ်းအကျဉ်း (များ) ကို ပေးပို့ရာတွင် ယင်းစာတမ်းအကျဉ်း စာမူအကြမ်း (ပြင်ဆင်၍ ရနိုင်သော စာမူ) ဖြင့် ဖော်ပြပါ အီးမေလ်း [email protected] သို့ ဖိတ်ခေါ်စာတမ်းပါ သတ်မှတ်ရက်အတွင်း ပေးပို့တင်သွင်းရမည် ဖြစ်သည်။ လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။

၂။ စီမံအယ်ဒီတာများ၏ အတည်ပြုရွေးချယ်ခြင်းခံရပြီးနောက် စာတမ်းအပြည့်အစုံအား ပေးပို့တင်သွင်းရာတွင် အောက်ဖော်ပြပါ အင်းလျားဘောဂဗေဒဂျာနယ်၏ စာတမ်းဖွဲ့စည်းမှုပုံစံ အတိုင်းတင်သွင်းရမည် ဖြစ်သည်။ ၎င်းသည်လည်း ပြင်ဆင်၍ ရနိုင်သော စာမူအကြမ်းပင် ဖြစ်ရမည်။ တင်သွင်းလာသော စာတမ်း၏ ခေါင်းစဉ်အောက်တွင် စာတမ်းရှင် (များ) အမည်နှင့်အတူ အောက်ခြေစာအညွှန်းဖြင့် ၎င်းတို့၏ ဆက်သွယ်ရမည့် အကြောင်းအရာများကိုပါ ဖော်ပြထားရှိရမည် ဖြစ်သည်။

 

စာတမ်းဖွဲ့စည်းမှုပုံစံ-

(က) Title

(ခ) Abstract

(ဂ) Introduction

(ဃ) Literature Review

(င) Method/ Methodology

(စ) Findings

(ဆ) Conclusions

() Suggestions or Recommendations

() References

() Appendix (if necessary)

() မြန်မာဘာသာဖြင့် ရေးသားသော စာတမ်းများသည် 11-point Pyidaungsu font ကို    အသုံးပြုရမည် ဖြစ်ပြီး အင်္ဂလိပ်ဘာသာအတွက်မူ 12-point Time New Roman font ကို  အသုံးပြုရမည်။

(ဌ) စာမျက်နှာ အရွယ်အစားမှာ (၆.၂၅ x ၉.၂၅) စင်တီမီတာ ဖြစ်သည်။ အရည်အတွက်အားဖြင့် စာမျက်နှာ (၃၀) ထက် ကျော်လွန်ခြင်း မရှိရ။

(ဍ) စာမျက်နှာ အပေါ်၊ အောက်၊ ဘေးနှစ်ဖက်တွင် ထားရှိရမည့် အကွာအဝေးမှာ ၁ လက်မ  ဖြစ်ပြီး စာကြောင်းအပေါ်အောက် အကွာအဝေးမှာ ၁.၅ ထားရှိရမည် ဖြစ်သည်။

(ဎ) ကျမ်းကိုးစာရင်းအတွက် အသုံးပြုရမည့် စနစ်မှာ APA Style ဖြစ်သည်။

 

၃။ ဂျာနယ်တွင် ထည့်သွင်း ထုတ်ဝေရန် အတည်ပြုခံရပါက စာတမ်းရှင် (များ) အနေဖြင့် အချက်အလက်အကြမ်း (Raw Data-set)၊ ပြန်လည် ရှင်းလင်းထားသော အချောသတ် အချက်အလက် (Final Data-set)၊ တွက်ချက်ခြင်းမှ ရရှိလာသော အချက်အလက်၊ ဇယား၊ ပုံ (Details of the Computational data) အစရှိသည့် စာတမ်းပါ ထည့်သွင်းဖော်ပြထားရှိသော အချက်အလက်များအလုံးစုံကို စာတမ်းအပြည့်အစုံနှင့်တစ်ပါးတည်း ပေးပို့ရမည်ဖြစ်သည်။

ထပ်မံ သိရှိလိုသည်များ ရှိပါက  [email protected] သို့ ဖြစ်စေ၊ အင်းလျားဘောဂဗေဒဂျာနယ်၏ လူမှုကွန်ယက်စာမျက်နှာ(Inya Economic Journal Facebook Page) မှ တဆင့် ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

Author Guide Line

Inya Economic Journal (IEJ) welcomes original, and unpublished research articles on Myanmar Economy including economic relations with external economies and the impacts of policy shifts of external economy(ies). IEJ Editorial Team selects and accepts the research articles both from the experienced researchers, practitioners, policy analysts and from young researchers.