Qualitative and Quantitative Research Training Course
ဒီတစ်ခါမှာတော့ လူတိုင်းစောင့်မျှော်နေတဲ့ Online Training Course လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ယခုမိတ်ဆက်ပေးမယ့်သင်တန်းလေးကတော့ သုတေသနပိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး အင်းလျားဘောဂဗေဒက ဖွင့်လှစ်ပေးသွားမယ့် အခမဲ့ “Qualitative and Quantitative Research Training Course” လေးဘဲဖြစ်ပါတယ်။
ဒီသင်တန်းမှာဆိုရင် သုတေသနတစ်ခုလုပ်တဲ့အခါ သိထားရမယ့် အခြေခံနည်းစနစ်တွေကစပြီး
နောက်ဆုံးဆန်းစစ်သုံးသပ်ခြင်းအဆင့်အထိ
သာမကလက်တွေ့လုပ်နည်းအပြင် Research Proposalရေးနည်းတွေထိပါ အသေးစိတ် သင်ပြပေးသွားမှာဖြစ်ပါတယ်။
သုတေသနဆိုတာကလည်းယခုခေတ်ရဲ့နယ်ပယ်ပေါင်းစုံမှာအဓိကအရေးပါသောအခြေခံအုတ်မြစ်တစ်ခုဖြစ်လာတာကြောင့် လူတိုင်းလေ့လာသိရှိသင့်ပါတယ်။ ဒါကြောင့် ယခုအခွင့်အရေးကို လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူးနော်။
အဓိကအချက်အနေနဲ့ “in person class”ကို
တက်ရောက်ဖို့အဆင်မပြေသောသူများအတွက် onlineကနေ တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားတာ
ဖြစ်လို့ နယ်ကစိတ်ဝင်စားသူတွေပါ တက်ရောက်
နိုင်ပါပြီနော်။
ဒါ့အပြင် အတန်းချိန်ကလည်း ပုံမှန်ရုံးပိတ်ရက်(စနေ၊ တနင်္ဂနွေ)၊ မနက် ၉နာရီ၁၀မိနစ်ကနေ ၁၁နာရီ၁၀မိနစ် အတွင်း လုပ်ပေးထားတာကြောင့် ရုံးချိန်တွေနဲ့တိုက်နေမှာဆိုးတဲ့ ရုံးဝန်ထမ်းများပါ စိတ်ပူစရာမလိုဘဲ တက်ရောက်နိုင်ပါပြီ။
ခြွင်းချက်အနေနဲ့ online classဖြစ်တဲ့အပြင် လူဉီးရေအရမ်းများသွားပါက ထိရောက်မှုမရှိမှာ စိုးရိမ်တဲ့အတွက်ကြောင့် တက်ရောက်နိုင်တဲ့ လူဉီးရေလေးကန့်သတ်ချက်ရှိတာကြောင့် မိမိတို့ရဲ့အခွင့်ရေးကိုလက်မလွတ်ရအောင် အောက်မှာပေးထားတဲ့ Application Form Linkထဲဝင်ရောက်ပြီး အမြန်ဆုံးregisterလုပ်
နိုင်ပါပြီ။
တက်ရောက်ခွင့်ရရှိတဲ့သူများကိုလည်း အင်းလျားဘောဂဗေဒမှ Emailဖြင့် ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်။
မိမိတို့ရဲ့အားလပ်ရက်လေးမှာ အင်လျားဘောဂဗေဒမှ သုတေသနသင်တန်းကို တက်ရောက်ပြီး သုတေသနဆိုင်ရာနည်းစနစ်တွေကို မိမိတို့ရဲ့ ပညာရပ်ဆိုင်ရာ
တွင်ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပါ အသုံးချနိုင်ဖို့အတွက် အတူတူလေ့လာလိုက်ကြရအောင်။